The Pizza Company Myanmar ၏ တစ်လတာအကောင်းဆုံး Menu - အသီးအရွက် Menu

the pizza company myanmar menu – veggie menu

Veggie Menu သည် The Pizza Company Myanmar ၏ ရောင်းအားအကောင်းဆုံး bestselling မီနူးထဲကမှ လူအများ၏ အကြိုက်ဆုံးရွေးချယ်မှုတစ်ခု ဖြစ်လာခဲ့သည်။ Veggie Menu ပီဇာကို ခန္ဓာကိုယ်အလေးချိန်ထိန်းချင်သူများ၊ သက်သတ်လွတ်စားသူများ၊ သက်ကြီးရွယ်အိုများနှင့်ကလေးများက အသီးအရွက်များ၏ လတ်ဆတ်သောအရသာနှင့် ပီဇာဂျုံသား၏အသားကောင်းခြင်းကို အဓိကနှစ်သက်ကြပါသည်။ သင့်ခန္ဓာကိုယ်အတွက် Veggie Menu ပီဇာမှ ကောင်းမွန်သော အကျိုးကျေးဇူးသုံးမျိုးရှိသည် - ၎င်းတို့သည် အာဟာရဓာတ်ပိုမိုကြွယ်ဝပြီး၊ ပြုပြင်ထားသောအသားများကို ကန့်သတ်ထားပြီး ကယ်လိုရီပါဝင်မှုနည်းပါးသည်။

(နံပါတ် ၁) အာဟာရဓာတ်ပိုမိုကြွယ်ဝခြင်း - သက်သတ်လွတ်ပီဇာသည် အသားပီဇာထက် ကျန်းမာရေးနှင့်ညီညွတ်သောရွေးချယ်မှုဖြစ်ရသည့် အကြောင်းရင်းမှာ သက်သတ်လွတ်ပီဇာတွင် အာဟာရဓာတ်ပိုမိုကြွယ်ဝသောကြောင့်ဖြစ်သည်။ အသီးအရွက်တွေမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ပြည့်ဝပြီး ခန္ဓာကိုယ်ကို အားဖြည့်ပေးစွမ်းနိုင်ပါတယ်။

(နံပါတ် ၂) ပြုပြင်ထားသော အသားများ - သက်သတ်လွတ်ပီဇာရှိ ဟင်းသီးဟင်းရွက်များသည် ပြုပြင်ထားသော အသားများ၏ အချဉ်ဓာတ်ကို တွန်းလှန်နိုင်ပြီး အစာချေမှုကို ပိုမိုကောင်းမွန်စေသည်။

(နံပါတ် ၃) ကယ်လိုရီနည်းခြင်း - အသားပီဇာအစား အသီးအရွက်ပီဇာကို စားသုံးခြင်းဖြင့် ပီဇာ၏ ကယ်လိုရီအရေအတွက်ကို ရာနှင့်ချီ၍ လျှော့ချနိုင်သည်။

Veggie Menu သည် ပီဇာအတွက်သာမက pasta ခေါက်ဆွဲနှင့် appetizer အမြည်းစားစရာများအတွက်ပါ ရရှိနိုင်ပါသည်။ The Pizza Company Myanmar မီနူးရှိ လူကြိုက်များသော ဟင်းသီးဟင်းရွက်ဆော့စ် နှစ်မျိုးမှာ "Veggie Pasta Mushroom Cream Sauce" နှင့် "Veggie Pasta Arrabiata Sauce" တို့ဖြစ်သည်။ Appetizer အသီးအရွက်အမြည်းစားစရာများမှာ "ပေါင်မုန့်ချောင်း" "အာလူးချောင်းကြော်" နှင့် "ကြက်သွန်ဖြူပေါင်မုန့်" တို့ဖြစ်သည်။ လတ်ဆတ်သော သစ်သီးများဖြင့် ပြုလုပ်ထားသော “Mixedberry Madness” နှင့် “Blueberry Midnight” ကဲ့သို့သော အချိုရည်များကိုလည်း မှာယူလို့ရပါတယ်။

Veggie Menu အသီးအရွက်ပီဇာကို ကိုယ်အလေးချိန်လျှော့ထိန်းရန် သို့မဟုတ် ကယ်လိုရီနည်းသောအစားအစာများကို ရွေးချယ်တဲ့အခါ အသားပီဇာထက် ကျန်းမာရေးနှင့်ညီညွတ်သောရွေးချယ်မှုတစ်ခုဖြစ်သည်။ အသားများသည် အသီးအရွက်များထက် အဆီနှင့် ပရိုတင်းဓာတ် ပိုများသောကြောင့် ဟင်းသီးဟင်းရွက်များထက် ကယ်လိုရီ ပိုတက်စေသည်။

အကိုးအကား- Why is Veggie Pizza Healthier?

ဆက်စပ်ဆောင်းပါးများ- 30% Grab Food ပရိုမိုးရှင်း , 50% Food Panda ပရိုမိုးရှင်း , August Birthday Promo