The Pizza Company Myanmar ရန်ကုန် ဆိုင်သစ်ဖွင့်ပွဲ

The Pizza Company Myanmar သည် ရန်ကုန်မြို့တွင် ၁၀ ခုမြောက် ဆိုင်ဖွင့်ပွဲနှင့်အတူ မှတ်တိုင်တစ်ခု စိုက်ထူခဲ့သည်။ ဖွင့်ပွဲမစမီ တစ်ရက်အလိုတွင် RMA အဖွဲ့၀င်များ ပံ့ပိုးပေးသော EFG နှင့် The Pizza Company ဝန်ထမ်းများသည် ရပ်ကွက်အတွင်း နေထိုင်သူများထံ ဆက်သွယ်ကာ ဖွင့်ပွဲသတင်းများ ဖြန့်ဝေကာ နောက်နေ့တွင် မိတ်ဆက်ပွဲသို့ တက်ရောက်ရန် အားလုံးကို ဖိတ်ကြားခဲ့သည်။ ဖွင့်ပွဲကို RMA Myanmar ၏ Country Manager ဖြစ်သူ Max Talcott နှင့် EFG Myanmar အထွေထွေမန်နေဂျာ ဦးဇေယျာဖြိုးတို့မှ ကြီးမှူးပြီး မိန့်ခွန်းများ၊ ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းနှင့် အထိမ်းအမှတ် ဖဲကြိုးဖြတ်ခြင်း အခမ်းအနားတို့ ပါဝင်ခဲ့ပါသည်။ The Pizza Company မှ ဝန်ထမ်းများသည် လိုဂိုအသစ်နှင့် အရောင်အသွေးစုံသော ဝတ်စုံအသစ်များကို ၀တ်ဆင်ပြီးဖွင့်ပွဲတက်ရောက်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကို EFG Myanmar team နှင့် အစိုးရတာဝန်ရှိသူများ၏ ပံ့ပိုးကူညီမှုဖြင့်စီစဉ်ပေးခဲ့ပြီး RMA၊ ATC၊ EFG နှင့် AVRM ဝန်ထမ်းများကို ဖိတ်ကြားခဲ့သည်။

ဆက်စပ်ဆောင်းပါးမ: New Store in Waizayantar Township